Local News

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကောက်စောစပါးထွက်ရှိမှုနှင့် ဈေးကွက်အခြေအနေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းနေပြီး အချို့မြို့နယ်များတွင် ရိတ်သိမ်းချွေလှေ့ပြီးစီးပြီဖြစ်သည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက် စပါးများလည်း အနည်းငယ်ထွက်ရှိလာ နေသည်။ ဈေးနှုန်းများမှာမြို့နယ် အလိုက်ကွာခြားမှု ရှိနေပါ သည်။ ပုသိမ်ခရိုင်ပုသိမ်မြို့နယ်တွင် ပေါ်ဆန်း ၅၂ပေါင် (၁၂၀၀၀ဝိ/-) ဝန်းကျင်ရှိပြီး၊ စက်ပိုင် ကုန်သည် များမှဝယ်ယူသိုလှောင် လျှက်ရှိသည်။ ကျောင်းကုန်းမြို့နယ်တွင် ပေါင်၁၀၀ (၇၅၀၀၀ဝိ/-)ဝန်းကျင် ဖြစ်ပြီးရေကြည်၊ အသုတ်မြို့များရှိ ကုန်သည်များမှ ဝယ်ယူလျက်ရှိသည်။ ကန်ကြီးထောင့် မြို့နယ်၏ ဈေးနှုန်းအခြေအနေမှာ ပေါင်၅၀ (အစို) (၆၄၀၀၀ဝိ/--၆၅၀၀၀ဝိ/-) နှင့် ပေါင် ၅၀ (အခြောက်) (၆၄၀၀၀ဝိ/- -၆၅၀၀၀ဝိ/-)ဖြစ်ပြီး ရန်ကုန်နှင့် အညာ  ဒေသသို့ အနည်းငယ် အရောင်း အဝယ်ရှိသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ် ဈေးနှုန်းပေါင် ၅၀ (၆၈၀၀၀ဝိ/- ၆၉၀၀၀ဝိ/-) ဖြစ်ပြီးအရောင်းအဝယ်အေးလျက်ရှိပါသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်များတွင် ကောက်စောစပါးများရိတ်သိမ်းနေပြီး အချို့မြို့နယ်များတွင် ရိတ်သိမ်းချွေလှေ့ပြီးစီးပြီဖြစ်သည်။ အချို့မြို့နယ်များတွင် ရေကျနောက်စိုက် စပါးများလည်း အနည်းငယ်ထွက်ရှိလာ နေသည်။ ဈေးနှုန်းများမှာမြို့နယ် အလိုက်ကွာခြားမှု ရှိနေပါ သည်။ ပုသိမ်ခရိုင်ပုသိမ်မြို့နယ်တွင် ပေါ်ဆန်း ၅၂ပေါင် (၁၂၀၀၀ဝိ/-) ဝန်းကျင်ရှိပြီး၊ စက်ပိုင် ကုန်သည် များမှဝယ်ယူသိုလှောင် လျှက်ရှိသည်။ ကျောင်းကုန်းမြို့နယ်တွင် ပေါင်၁၀၀ (၇၅၀၀၀ဝိ/-)ဝန်းကျင် ဖြစ်ပြီးရေကြည်၊ အသုတ်မြို့များရှိ ကုန်သည်များမှ ဝယ်ယူလျက်ရှိသည်။ ကန်ကြီးထောင့် မြို့နယ်၏ ဈေးနှုန်းအခြေအနေမှာ ပေါင်၅၀ (အစို) (၆၄၀၀၀ဝိ/--၆၅၀၀၀ဝိ/-) နှင့် ပေါင် ၅၀ (အခြောက်) (၆၄၀၀၀ဝိ/- -၆၅၀၀၀ဝိ/-)ဖြစ်ပြီး ရန်ကုန်နှင့် အညာ  ဒေသသို့ အနည်းငယ် အရောင်း အဝယ်ရှိသည်။ မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြမြို့နယ် ဈေးနှုန်းပေါင် ၅၀ (၆၈၀၀၀ဝိ/- ၆၉၀၀၀ဝိ/-) ဖြစ်ပြီးအရောင်းအဝယ်အေးလျက်ရှိပါသည်။

မအူပင်မြို့နယ်တွင် နှံကား ပေါင်၅၀ စပါး ဈေးနှုန်း (၇သိန်း) ဝန်းကျင်နှင့် မနောသုခပေါင် ၅၀စပါးဈေးနှုန်း(၇၂၀၀၀ဝိ/- ၇၃၀၀၀ဝိ/-) ရှိဖြစ်ပြီး၊ စက်ပိုင်ကုန်သည်များမှ ဝယ်ယူသိုလှောင် မှုများရှိနေပါသည်။

ဒေးဒရဲမြို့နယ်တွင် ပေါ်ဆန်းစပါး ဈေးနှုန်း ၅၂ပေါင် (၁၁၀၀၀၀ဝိ/-၁၀၀၀၀၀ဝိ/-) ဖြစ်ပြီး၊ ရန်ကုန် ဘုရင့်နောင်ပွဲရုံးသို့ ရောင်းချ လျက်ရှိသည်။

 ကျိုက်လတ်မြို့နယ်တွင် ရက်၉၀စပါး ပေါင် ၅၀ဈေးနှုန်း (၇၃၀၀၀ဝိ/-၇၄၀၀၀ဝိ/-) ရှိပြီး ၊ ဖျာပုံခရိုင်မှထွက်ရှိသော ဆန်များကို တနင်္သာရီတိုင်း မြိတ်မြို့ရှိ ကုန်သည်များမှ ကမ်းရိုးတန်း သင်္ဘောများဖြင့် ပုံမှန်လာရောက် ဝယ်ယူလျှက်ရှိသည်။

ဈေးကွက်အခြေအနေမှာ ယခုရက်ပိုင်းအတွင်းအရောင်းအဝယ်နည်းပါးလျက်ရှိနေပါသည်။

Category: Local News